ခါမ်းပါတ် ၊ သြဂုတ် ၆
၂၀၂၀ပြည့်နှစ် ၊ နိုဝင်ဘာလ ( ၈ ) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးအတွက် ခါမ်းပါတ်မြို့ပေါ်(၅) ရပ်ကွက် နှင့် ကျေးရွာအုပ်စု(၈)အုပ်စုတို့တွင် ဆန္ဒမဲပေးခွင့်ရှိသူပေါင်း(၂၀၀၀၀)ကျော်ရှိကြောင်း သိရသည်။
"ခါမ်းပါတ်တစ်နယ်လုံးအတွက် မဲရုံပေါင်း(၂၄)ရုံနဲ့ ဆန္ဒမဲပေးခွင့်ရှိသူပေါင်း(၂၈၅၉၉)ဦးရှိပါမယ်"ဟု မြို့နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးရမ်ဇမန်း ထံမှသိရသည်။
ထို့အပြင် မသန်စွမ်းသူများ ဆန္ဒမဲပေးနိုင်ရေးနှင့် ပတ်သက်၍လည်း "သီးခြားညွှန်ကြားချက်တော့မရှိသေးပါဘူး၊ ဒါပေမယ့်ပြီးခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲတုန်းကလိုဘဲ ဆောင်ရွက်ဖို့ရှိမှာပါ"ဟု ဆက်ပြောပါသည်။
၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် မသန်စွမ်းသူများ အဆင်ပြေချောမွေ့စွာ မဲပေးနိုင်ရေးအတွက် ခါမ်းပါတ် အမှတ်( ၁ )ရပ်ကွက်တွင် စံပြမဲရုံ ထားရှိခဲ့ကြောင်းလည်း သိရသည်။
သားငယ်(ပြန်/ဆက်)