ရှမ်းရွာသစ်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသုံးစာရေးကိရိယာပစ္စည်းများနှင့် စာအုပ်စာစောင်များလှူဒါန်း

ရှမ်းရွာသစ်   ဩဂုတ်  ၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ ရရှိ စေရန်နှင့် အားလပ်ချိန်တွင် စာအုပ်စာပေဖတ်ရှုတတ်သည့်အလေ့အကျင့်ရှိ စေရန်ရည်ရွယ်ပြီး ချမ်းမြေ့စာရေးကိရိယာပစ္စည်းဆိုင်မှ ကျောင်းသုံး စာရေးကိရိယာပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများ၊ Maskများနှင့် သုတ/ရသစာအုပ်စာစောင်များ လှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါလုပ်ငန်းတွင် လှိုင်းဘွဲမြို့နယ်မှ ချမ်းမြေ့စာရေးကိရိယာဆိုင်ပိုင်ရှင်က  ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတရရှိ စေရန်နှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါတို့မှကင်းဝေးစေရန်အတွက် လှူဒါန်းပေးခြင်းဖြစ်ကြောင်း၊ ယခင်နှစ်များတွင်လည်း ယခုလိုဘဲ စာအုပ်စာစောင်များကို မိမိတို့တတ်နိုင်သလောက် ကျောင်းများသို့ လိုက်လံလှူဒါန်းပေးခဲ့ပါကြောင်း ပြောကြားခဲ့ ပြီးနောက် ခန့်မှန်းကုန်ကျငွေကျပ် (၁၀) သိန်းတန်ဖိုးရှိ  သုတ/ရသစာအုပ်များ၊ စာရေးကိရိယာများ၊ ဗလာစာအုပ်များ၊ သင်ထောက်ကူပစ္စည်းများ၊ ဆေးရောင်ချယ်စာအုပ်/စာစောင်များ၊ Mask များနှင့် အလူမီနီယံဗီရိုတစ်လုံး ပေးအပ်လှူဒါန်း ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးလွင်နှင့် ဆရာ၊ ဆရာမများတို့က လက်ခံရယူခဲ့ကြောင်း သိရှိရသည်။

ဇင်လေး(ပြန်/ဆက်)