တွံတေး ဖေဖော်ဝါရီ ၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အသက်တစ်နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဆေးထိုး၊ ဆေးတိုက် လုပ်ငန်းတွင် အသဲရောင်အသားဝါ(ဘီ)၊ ပြင်းထန်အဆုပ်ရောင် ပြင်းထန် ဝမ်းပျက်ဝမ်းလျှော စသည့် (၅) မျိုးစပ် ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင် ဦးနှောက်အမြှေးရောင်၊ အသည်းရောင်အသားဝါ (ဘီ) ရောဂါ များကို ကလေးများအတွက် ကာကွယ်ပေး ကြောင်း တာဝန်ရှိသူ ဆရာမ ဒေါ်မေမေဦးထံမှ သိရှိရသည်။
ဆေးထိုး ဆေးတိုက်ခြင်းကို ကလေးငယ်များ၏ အသက်အပိုင်းအခြားအလိုက် ဆောင်ရွက်တာဖြစ်ကာ မြို့ပေါ်ရပ်ကွက်များနည်းတူ ကျေးရွာများ၌ပါ လစဉ် ၁ ရက်နေ့မှ စတင်ဆောင်ရွက်ပြီး ကိုဗစ်- ၁၉ ကာလ လူစုလူဝေး မဖြစ်ပေါ်စေရေး ကျန်းမာရေး ဝန်ထမ်း များက တစ်နေ့ကို ကလေး(၅၀)ဦးကိုသာ ကာကွယ် ဆေးထိုး ဆေးတိုက် ဆောင်ရွက်ကြောင်း သိရှိရသည်။
တွံတေးမြို့ပေါ် (၈)ရပ်ကွက်တွင် ကလေးငယ်(၆၀၀)နီးပါး ကာကွယ်ဆေးထိုး၊ ဆေးတိုက်ဆောင်ရွက် ရကြောင်း သိရှိရသည်။
မျိုးလှိုင်(တွံတေး)