စစ်ကိုင်း ဖေဖော်ဝါရီ ၁၂
စစ်ကိုင်းမြို့၌ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားကို အစီအစဉ် နှစ်ရပ်ဖြင့် ကျင်းပခဲ့ရာ ရှေးဦးစွာ နိုင်ငံတော်အလံလွှင့်တင်ခြင်းနှင့် အလေးပြုခြင်း အခမ်း အနားကို ယနေ့နံနက် (၅) နာရီခွဲက ရွှေမင်းဝံပန်းခြံ၌ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကျင်းပခဲ့ရာ အလံတင်တပ်ဖွဲ့၏ ဦးဆောင်မှုဖြင့် နိုင်ငံတော ်အလံအားလွှင့်တင် အလေးပြုခဲ့ကြသည်။
ထို့နောက် ဒုတိယပိုင်းအခမ်းအနားကို နံနက် (၇) နာရီတွင် မြို့တော်ခန်းမ၌ ဆက်လက် ကျင်း ပခဲ့ရာ စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းစိန်နှင့်တာဝန်ရှိသူများက နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် ရဲဘော် အပေါင်း အား အလံတင်တပ်ဖွဲ့၏ဦးဆောင်မှုဖြင့် အလေးပြုခဲ့ကြသည်၊ ထို့နောက် ၂၀၂၁ ခုနှစ်၊ (၇၄)နှစ် မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌထံမှ ပေးပို့ သည့် သဝဏ်လွှာအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌက ဖတ်ကြားခဲ့သည့်။ အဆိုပါ အခမ်းအနားကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များ နှင့်အညီ ကျင်းပခဲ့ပြီး ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ လူမှုရေးအသင်းအဖွဲ့များတက် ရောက်ခဲ့ကြ ကြောင်းသိရသည်။
မျိုးဝင်း (ခရိုင်ပြန်/ဆက်)