မကွေးမြို့တွင် (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပ

မကွေး ဖေဖော်ဝါရီ ၁၂

(၇၄) နှစ်မြောက်  ပြည်ထောင်စုနေ့  သဝဏ်လွှာဖတ်ကြားပွဲအခမ်းအနားကို မကွေးမြို့ အမှတ် (၈၈) ခြေမြန် တပ်မဌာနချုပ် အားကစားကွင်း၌ ယနေ့ နံနက်(၇)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်နှင့် တက်ရောက်လာသည့် ဧည့်ပရိတ်သတ်တို့က နိုင်ငံတော်အလံအား အလေးပြုပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောက်လှိုင်ထံမှ ပေးပို့လာသည့် ၂၀၂၁ခုနှစ်၊ (၇၄) နှစ်မြောက ်ပြည်ထောင်စုနေ့ သဝဏ်လွှာအား တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ဖတ်ကြာခဲ့သည်။

အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပေါက်ကြီး(ဖန်ခါးမြေ)