ဟုမ္မလင်း သြဂုတ် ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင် သာယာရေးတို့ ပူးပေါင်း၍ အာဖရိကဝက်အပြင်းဖျားရောဂါ (ASF)ပညာပေးဆိုင်းဘုတ်အား ဟုမ္မလင်းမြို့၊ မြို့မဈေးရှေ့အဝင်ပေါက်ဝ၌ ယမန်နေ့(၈) နာရီခွဲ က စိုက်ထူးပေးခဲ့ကြကြောင်း သိရှိရသည်။
ပညာပေး ပိုစတာဆိုင်းဘုတ်ကို ဒေသခံပြည်သူများ၊ ဈေးရောင်း၊ ဈေးဝယ်၊ လမ်းသွားလမ်းလား ပြည်သူများ၊ အလွယ်တကူဖတ်ရှုနိုင်ရန်နှင့် အဆိုပါ အချက်လက်တွင် စနစ်တကျခြံလှောင်မွေးမြူပါ၊ ပြင်ပမှ ယာဉ်/လူ/ပစ္စည်း အဝင်အထွက်အား ကန့်သတ်ထိန်းချုပ်ပါ၊ စားသောက်ဆိုင်မှ ဝက်သားပါသော စားကြွင်းစားကျန်များ မကြွေးရ စသည့်အချက်များပါရှိခြင်း၊ ပြည်သူများအနေဖြင့် အာဖရိကဝက်အပြင်းရောဂါ ကာကွယ်ရေးဆိုင်ရာ အထက်ပါ အချက်များ လိုက်နာ ဆောင်ရွက်ခြင်း ပူးပေါင်းပါဝင် ကူညီပါ အသိပညာစာစောင်ပါရှိ ကြောင်း သိရသည်။
အဆိုပါ ဆိုင်းဘုတ်စိုက်ထူးပွဲသို့ ဟုမ္မလင်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါက်တာမင်းခန့်ဇော်နှင့်ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်နှင့် စည်ပင်ဝန်ထမ်းများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။
လင်းလင်း(ပြန်/ဆက်)