ရန်ကုန် သြဂုတ် ၇
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်ရှိရပ်ကွက်များတွင်ရပ်ကွက် အတွင်း၌တစ်လနှင့် အထက်နေထိုင်သူများအား ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ သတင်းပေးပို့ရန်နှင့် မဲစာရင်းများ လာရောက်ကြည့်ရှုကြရန် ယမန်နေ့ နံနက်ပိုင်းကစ၍ လိုက်လံ၍ အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရပ်ကွက် အတွင်း၌တစ်လနှင့် အထက်နေထိုင်သူများအားမိမိနေ ထိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသို့ ဆက်သွယ်၍ သတင်းပေးပို့ ကြရန်လိုအပ်သောပုံစံများတွင် လာရောက်ဖြည့်စွက်လျောက်ထားကြရန်နှင့် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးရမည့်မဲစာရင်းများကို ရပ်ကွက် ကော်မရှင်ရုံး၌ လာရောက်၍ ကြည့်ရှုကြရန် လှိုင်မြို့နယ်၊ အတွင်းရှိရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်အတွင်းရှိ ကော်မရှင်အဖွဲ့ဝင်များ တာဝန်ရှိသူများပူးပေါင်း၍လိုက်လံ အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြပါကြောင်း သတင်း ရရှိသည်။
ကြည်ဇေသော် (ပြန်/ဆက်)