မင်းလှ မတ် ၆
မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် တာဝန်ရှိသူများနှင့်အတူ သရက်ခရိုင်၊ မင်းလှမြို့နယ် (မန်းသံပုရာကန်) ရေနံချက်စက်ရုံဝင်း ပြင်ပရှိ ဝန်ထမ်းနေအိမ်လိုင်းခန်းအား မတ်လ ၅ ရက် နေ့ညနေပိုင်းက တောမီးမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းခဲ့ရာ မီးဘေးသင့်အိမ်ထောင်စုဝင်များအား ယင်းနေ့ ညနေ ၆ နာရီခန့်က သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ငွေများပေးအပ်ရာတွင် မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးတင့်လွင်နှင့်အဖွဲ့ဝင်များက မီးဘေးသင့်အိမ်ထာင်စု (၃) စုအား မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ ထောက်ပံ့ငွေကျပ်သိန်း(၃၀)၊ မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေကျပ် ၆ သိန်းနှင့် အိမ်ထောင်စု တစ်စုလျှင် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးအား ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ မီးလောင်မှုဖြစ်စဉ်တွင် အရာရှိလုံးချင်းတစ်ထပ်အိမ်(၃)လုံး၊ လူနေထိုင်ခြင်း မရှိသည့် လုံးချင်းတစ်ထပ်အိမ်(၁)လုံး၊ ဧည့်ရိပ်သာ (၂)လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်။
မြို့နယ်ပြန်/ဆက်