တန့်ဆည် ဩဂုတ် ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့၌ ပလပ်စတစ် (ကြွပ်ကြွပ်အိတ်) အသုံးပြုမှု လျော့ချနိုင်ရေးနှင့် သုံးစွဲမှုမပြုရေး အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်း (၇) နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာဈရေးကော်မတီက အမှတ်(၁)နှင့် အမှတ်(၂)ဈေး တို့တွင် ဖြန့်ဝေပေးခဲ့သည်။
ထိုသို့ဖြန့်ဝေရာတွင် မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဒေါ်သက်သက်ဦးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကိုယ်အပူချိန် တိုင်းတာ စစ်ဆေးပေးခြင်း၊ နှာခေါင်းစည်း (Mask) တပ်ဆင်ရောင်းချစေခြင်း၊ နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိသော ဈေးသည်များအား စစ်ဆေးတွေ့ရှိပါက ပထမအကြိမ်သတိပေးခြင်း၊ ဒုတိယအကြိမ် (၃)ရက်ကြာ ရောင်းချခွင့်ပိတ်ခြင်း၊ တတိယအကြိမ်အဖြစ် အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသိပညာ ပေးပြောကြားပြီး၊ ပလပ်စတစ် (ကြွပ်ကြွပ်အိတ်) အသုံးပြု လျော့ချနိုင်ရေးအတွက် ဒေသထွက် အင်ဖက်၊ ငှက်ပျောဖက်များကို ဦးစားပေး အသုံးပြုရန်၊ မသုံးမဖြစ် အသုံးပြုပြီးသည့်အခါတိုင်း စနစ်တကျ စွန့်ပစ်သွားရန်နှင့် ပလပ်စတစ် (ကြွပ်ကြွပ်အိတ်) ကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုး များပါသည့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ငြိမ်းမင်းထွန်း(တန့်ဆည်)