ထီးချိုင့်မြို့နယ်တွင်၂၀၂၀-၂၀၂၁ ပညာသင်နှစ် စတုတ္ထတန်း GRADE-4 (နောက်ဆက်တွဲ) သင်တန်းပို့ချ

ထီးချိုင့် ဩဂုတ် ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ပညာသင်နှစ် စတုတ္ထတန်း GRADE-4 (နောက်ဆက်တွဲ) သင်တန်းပို့ချခြင်းကို ယနေ့နံနက် (၈) နာရီ (၄၅)  မိနစ်အချိန်က အမှတ် (၁) အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) တွင် ပို့ချခဲ့ကြောင်း သိရပါ သည်။

အဆိုပါ သင်တန်းတွင် မြို့နယ်အခြေခံပညာဦးစီးဌာန သင်တန်းနည်းပြ (၁၄) ဦးတို့က အနီးကပ် ကြီးကြပ်၍ သင်တန်းသား ဆရာ/ ဆရာမ  (၁၃၁) ဦး  တက်ရောက်ခဲ့ကြပြီး ပို့ချမည့် ဘာသာရပ်များအနေဖြင့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ ပန်းချီ၊ ဂီတ၊ စာရိတ္တ၊  ပြည်သူ့နီတိ၊ ဘ၀တွက်တာကျွမ်းကျင်စရာ၊ ကာယပညာဘာသာရပ်များကို သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သင်တန်းကာလမှာ သြဂုတ် (၅) ရက်နေ့မှ  သြဂုတ် (၁၁) ရက်နေ့အထိ နေ့စဉ်နံနက် (၈) နာရီ ၄၅ မိနစ်အချိန်မှ ညနေ (၄) နာရီ (၁၅) မိနစ်အချိန်ထိ ပို့ချသင်ကြား သွား မည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရပါသည်။

ရဲလင်းထွန်း(ထီးချိုင့်)