ဝက်လက် သြဂုတ် ၇
စစ်ကိုင်းတိုင်ဒေသကြီး၊ ရွှေဘိုခရိုင် ၊ဝက်လက်မြို့နယ်အတွင်းရှိ ၊ရွှေပန်းကုံးကျေးရွာနှင့် ရွှေအိုး ရကျေးရွာတို့တွင် Covid-19 Economic Relief Plan ဖြင့် ပျိုးစေ့ထုတ် ဧက (၁၀၅) စိုက်ပျိုး သွားမည်ဖြစ်ရာ ယနေ့နံနက်ပိုင်း တောင်သူဦးမျိုးနိုင်၏ လယ် (၈) ဧကကို စတင်စိုက်ပျိုးနေပြီ ဖြစ်ကြောင်း သိရသည်။
မျိုးစေ့ထုတ်ဧက (၁၀၅) စိုက်ပျိုးရခြင်းသည် တောင်သူများအနေဖြင့် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေးနှင့် စပါးအထွက်နှုန်း တိုးပွားကာ စျေးကောင်းရရှိစေရန် ရည်ရွယ်၍ စိုက်ပျိုး ကြောင်း သိရသည်။
အဆိုပါ မျိုးစေ့ထုတ် ဧကများ စိုက်ပျိုးရာတွင် ဝက်လက်မြို့ စိုက်ပျိုးရေး ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဒေါ်အေးမာလာနှင့် ဝန်ထမ်းများက ပူးပေါင်းပါဝင် ဆောင်ရွက်ကြ ကြောင်းလည်း သိရှိရသည်။
စိုးစိုးလှိုင် (ဝက်လက်)