ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦး ဘားအံခရိုင် မီးသတ်စခန်းနှင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန (၄)ခန်းတွဲ(၄)ထပ်ဝန်ထမ်းအိမ်ရာ တည်ဆောက်မှု လုပ်ငန်းတို့အား ကြည့်ရှုစစ်ဆေး

ဘားအံ ဧပြီ ၁၃

ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးသည် အဖွဲ့ဝင်()ဗိုလ်မှူးကြီးမျိုးမင်းနောင်၊ အဖွဲ့ဝင် () ဦးစောခင်မောင်မြင့်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲ နာရီကျော်ခန့်က ဘားအံမြို့၊ လှာကမြင် (ကွက်သစ်)ရှိ ဘားအံခရိုင်မီးသတ်စခန်းနှင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ()ခန်းတွဲ ()ထပ်ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေး လုပ်ငန်းခွင်တို့အား သွားရောက်ကြည့်ရှု့ စစ်ဆေးခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးနှင့်အဖွဲ့သည် ဘားအံခရိုင်မီးသတ်စခန်းရှိ မီးငြှိမ်းသတ် ယာဉ်များ၊  မီးသတ်ရေသယ်ယာဉ်များ၊  အဆင့်မြင့်ရှာဖွေကယ်ဆယ်ရေး ယာဉ်များ၊ လှေကားတင် မီးငြှိမ်းသတ်ရေး ယာဉ်များ၊ အုပ်ချုပ်ထောက်ပံ့ရေးယာဉ်များ၊ ခေတ်မီ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ရေးသုံး ပစ္စည်းများအား ကြည့်ရှု့ စစ်ဆေးခဲ့ပြီး ဘားအံမီးသတ်စခန်းမှ အရာထမ်းအမှုထမ်းများနှင့်တွေ့ဆုံရာ ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် ယခုအခါ ပူပြင်းခြောက်သွေ့၍ မီးလောင်လွယ်သည့် ရာသီဥတုကို ရောက်ရှိလာပြီ ဖြစ်သည့်အတွက် မီးငြှိမ်းသတ်ရေးနှင့်ပတ်သက်ပြီး အမြဲတစေ အသင့်ရှိနေဖို့လိုကြောင်း၊ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများတွင် အများပြည်သူ ယုံကြည်အားထားရသည့် တပ်ဖွဲ့ဝင်များဖြစ်အောင် ကြိုးပမ်း အားထုတ်ကြဖို့လိုကြောင်း၊ ပြည်သူတို့၏ ဘဝလုံခြုံအေးချမ်းမှုရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးသည်လည်း အရေးကြီးကြောင်း၊ ပြည်သူလူထု ပူးပေါင်းပါဝင်မှသာလျင် မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်တုန့်ပြန်ရာတွင် ထိရောက်မှုရှိပြီး ဆုံးရှုံးမှုနည်းနိုင်မည်ဖြစ်သည့်အတွက် စည်းရုံးဆောင်ရွက်သွားကြဖို့လိုကြောင်း၊ မီးသတ် တပ်ဖွဲ့ဝင်များ အနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်း၍ ရိုးရိုးသားသား ကြိုးကြိုးစားစားဖြင့် တာဝန်ဝတ္တရားများကို ထမ်းဆောင်ဖို့လိုကြောင်း စသည်ဖြင့် ထည့်သွင်းပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ဘားအံခရိုင်မီးသတ်စခန်း၌ ဝန်ထမ်းအိမ်ရာ နှင့် ဝန်ထမ်းအင်အား လုံးလောက်မှုရှိမရှိ အခြေအနေများကို လိုက်လံကြည့်ရှု့စစ်ဆေးခဲ့ရာ ဘားအံခရိုင် မီးသတ်ဦးစီးမှူး ဦးသန့်စင်ဝင်းနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြသည်။

ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဘားအံမြို့၊ လှာကမြင်(ကွက်သစ်) ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံး၊ ပြည်နယ်ရန်ပုံငွေ ကျပ် ၃၃၁ ဒသမ ၃၇၃၅ သန်းဖြင့် (၆၁'-" x ၅၁' x ၃၉') ဝန်ထမ်းအိမ်ရာ ခန်းတွဲ ထပ် တည်ဆောက်ရေး လုပ်ငန်းခွင်ကို သွားရောက် ကြည့်ရှု့စစ်ဆေးရာ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက အဆောက်အဦ တည်ဆောက်ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြခဲ့ကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေးနှင့် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)