လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်တွင် ပထမအကြိမ်မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးဆောင်ရွက်လျက်ရှိ

လှိုင်သာယာ(အရှေ့ပိုင်း) သြဂုတ် ၇

ရန်ကုန်တိုင်းဒေသကြီး၊  မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၌ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၏ ကွပ်ကဲမှုဖြင့် ရပ်ကွက်(၉) ရပ်ကွက်၊ ကျေးရွာအုပ်စု(၅)အုပ်စုနှင့် ကျေးရွာခွဲများတွင် ဇူလိုင်လ ၂၅ ရက်နေ့မှ ဩဂုတ်လ ၇ ရက်နေ့အထိ နံနက်(၉) နာရီမှ ည(၉) နာရီအချိန်ထိ မဲဆန္ဒရှင်စာရင်းများ ကပ်ထား ကြေညာထားပြီးဖြစ်သည်။

ထိုအပြင် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် ရပ်ကွက်၊ ကျေးရွာအလိုက် မဲဆန္ဒရှင် စာရင်များ ကပ်ထားကြေညာထားရာ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ  မြေပြင် ကွင်းဆင်းဆောင်ရွက်လျက်ရှိပြီး အမှတ်(၇) ရပ်ကွက် ဝေဇယန္တာဓမ္မရုံ ၌  ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၃၄၅၆၂) ဦးနှင့် မဲရုံ(၄၀)ရုံ ရှိ မဲစာရင်းများအား   ပြင်ဆင်ခြင်း/ ဖြည့်စွက် ခြင်း/ပယ်ဖျက်ခြင်းများကို ဆောင်ရွက် လျက်ရှိသည်။

အဆိုပါ မဲဆန္ဒရှင်စာရင်းများကို (၁၄)ရက်ကြာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများတွင် ပထမအကြိမ်အဖြစ် မဲဆန္ဒရှင် စာရင်းများကပ်ထားကြေညာစဉ် မဲဆန္ဒရှင်များက မဲစာရင်း လာရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်ပါက လုပ်ငန်းစဉ် (၃)မျိုးဖြင့် ဆောင်ရွက်မည်ဖြစ်သည်။ ထို့အပြင် ၂၀၂၀ ခုနှစ် အထွေ​ထွေေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း မဲပေးခွင့်ရရန်အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေး နိုင်ရန် သစ္စာစီမံချက်ဖြင့် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ   အမှတ်() ရပ်ကွက်၊ ဝေဇယန္တာ ဓမ္မာရုံကြီးတွင် ပြည်သူများအား ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန် ကြေညာခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထွန်းထွန်းနိုင်(ပြန်/ဆက်)