ကျောက်ကြီးမြို့နယ်၌ စစ်တောင်းမြစ်ကမ်းပါး ကျွံကျမှု အန္တရာယ်ဖြစ်ပေါ်နိုင်သဖြင့် လူနေအိမ် နှစ်လုံး ပြောင်းရွေ့ 

ကျောက်ကြီး  ဩဂုတ် ၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်တွင် စစ်တောင်းမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးကျွံကျမှု အန္တရာယ် ဖြစ်ပေါ်လာနိုင်သဖြင့် နတ်သံကွင်း ကျေးရွာအုပ်စု၊ တံခွန်တိုင် ကျေးရွာနှင့် မွေးတွင်းကျေးရွာအုပ်စု မွေတွင်း ကျေးရွာရှိ လူနေအိမ် နှစ်လုံးအား ယမန်နေ့  နံနက်(၈)နာရီက ပြောင်းရွေ့ခဲ့ရသည်။

စစ်တောင်းမြစ်ကမ်းပါး ပြိုကျမှုကြောင့် အန္တရာယ်ဖြစ်နိုင်သော တံခွန်တိုင်ကျေးရွာ မြစ်ကမ်းဘေး၌ မိသားစုဝင်(၄)ဦး နေထိုင်သော (၃)ပင် ပတ်လည် ဝါးခင်း၊ တောင်ထန်းမိုး၊ တောင်ထန်းကာ လူနေအိမ်တစ်လုံးနှင့် မွေးတွင်းကျေးရွာမြစ်ကမ်းဘေးနေ မိသားစုဝင် (၇)ဦး နေထိုင်သော ၄ပင်၃ပင် အုတ်ဖိနပ်ခံသွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ လူနေအိမ်တစ်လုံးအား သက်ဆိုင်ရာ အုပ်စု အုပ်ချုပ်ရေးမှူး များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ဒေသခံ ပြည်သူများနှင့် ဝိုင်းဝန်းပြောင်းရွှေ့ရာသို့ ကျောက်ကြီး မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနဒုတိယဦးစီးမှူး ဦးမျိုးမင်းလတ်၊ ကြက်ခြေနီ တပ်ဖွဲ့မှူး မင်းမြတ်ဘုန်းတို့က ကွင်းဆင်း ကြည့်ရှုစစ်ဆေး ခဲ့ကြောင်းသိရသည်။

K ခိုင် ပြန်/ဆက်