တွံတေး သြဂုတ် ၇
ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တော်ဝင် စန္ဒကူးခန်းမ၌ ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးညီညီထွေးက အဖွင့်အမှာ စကားပြောကြားပြီး ရန်ကုန် တောင်ပိုင်းခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးဝင်းက ကလေးသူငယ် အခွင့်အရေးဆိုင်ရာ လုပ်ငန်းများနှင့် ကော်မတီမှ ဆောင်ရွက်နေမှု၊ ရှေ့လုပ်ငန်းစဉ်များ၊ ကလေးသူငယ်များနှင့် ပတ်သက်၍ ကူညီ ဆောင်ရွက်ပေးမှုများ ကလေးသူငယ် များ၏ ရပိုင်ခွင့်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများက ကော်မတီလုပ်ငန်းတွင် ပူးပေါင်းပါဝင်မှုနှင့် သိရှိလိုသည် များ မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။ အဆိုပါဆွေးနွေးပွဲသို့ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
မျိုးလှိုင်(တွံတေး)