ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေးဝင်း သာယာဝတီခရိုင်အတွင်းရှိ နွေးစပါးစံပြ စိုက်ခင်းများသို့ သွားရောက်ကွင်းဆင်းကြည့်ရှု

ပဲခူး ဧပြီ ၂၈

ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ကောင်စီအဖွဲ့များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက သာယာဝတီမြို့နယ်၊ သင်တော်ရိုးကျေးရွာ ရတနာတိုး မျိုးသန့်စိုက်ခင်း(၁၀)ဧက၌ မျိုးကွဲ နှုတ်ပယ်ခြင်းနှင့် တစ်ဆက်စပ်တည်း နွေစပါး(၆၀)ဧက စိုက်ပျိုးဖြစ်ထွန်းအောင်မြင် နေမှုကို လည်းကောင်း၊  ဇီးကုန်းမြို့နယ်၊ နွားတဲကုန်းကျေးရွာ အုပ်စု၊ မြောက်လွတ်ကုန်းကွင်း၌ ကြဲခင်း စနစ်ဖြင့် စိုက်ပျိုးထားသည့် နွေးစပါး (၄၁၀)ဧကကို လည်းကောင်း၊ နတ်တလင်းမြို့နယ်၊ ကြခတ်ဝါးရုံကျေးရွာ၌ စက်မှုလယ်ယာစနစ်ဖြင့် တောင်သူ(၂၀)ဦး၏ နွေစပါး စိုက်ခင်း ဧက(၁၈၆)ဧကတို့အား သွားရောက်ကွင်းဆင်းကြည့်ရှုခဲ့ရာ ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီး ဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးဝင်းက မျိုးသန့်စိုက်ခင်း ဆောင်ရွက်နေမှုအခြေအနေနှင့် နွေးစပါးစိုက်ပျိုး အောင်မြင်နေမှု အခြေအနေတို့အား ရှင်းလင်းပြသခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ဒေသခံတောင်သူများ၏ အဓိက လိုအပ်ချက် ဖြစ်သော စိုက်ပျိုးရေရရှိရေးနှင့် လိုအပ်သော ကုန်ထုတ်လမ်းများ ထပ်မံဆောင်ရွက်ပေးနိုင်ရေးနှင့် ကျေးရွာစာသင်ကျောင်း လိုအပ်ချက်များအား ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ပြီး ဒေသခံတောင်သူများအား ဟင်းသီးဟင်းရွက် မျိုးစေ့ များ အခမဲ့ပေးအပ်သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် နတ်တလင်းမြို့၊ မြို့မရပ်ကွက်၊ ရန်ကုန်−ပြည်ကားလမ်းဘေးရှိ အပန်းဖြေပန်းခြံ တည်ဆောက် နေမှုနှင့် အခမဲ့ဆေးခန်း ဖွင့်လှစ်မည့်နေရာများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပြည်တက္ကသိုလ် သို့ သွားရောက်ခဲ့ပြီး ပြည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ သက်လွင်က ပြည်တက္ကသိုလ်၏ အချက် အလက်များနှင့် မေလ(၅)ရက်နေ့တွင် တက္ကသိုလ်ကျောင်းများ ပြန်လည်ဖွင့်လှစ်၍ ပညာသင်ကြားနိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများနှင့် တက္ကသိုလ် ဝန်းအတွင်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့အား ရှင်းလင်းတင်ပြ ခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း က တည်ဆောက်ရေး လုပ်ငန်းများ မိုးရာသီမရောက်မီ အချိန်မီပြီးစီးရေးနှင့် သတ်မှတ်စံချိန်စံညွှန်းအတိုင်း ဆောင်ရွက် ကြရန် လမ်းညွှန်မှာကြားခဲ့ပြီး တက္ကသိုလ်ဝန်းအတွင်း တည်ဆောက်နေသည့် အလျား(၁၈၀)ပေ၊ အနံ(၄၈)ပေ၊ အမြင့်(၃၆)ပေရှိ RC(၃)ထပ် စာသင်ဆောင် ဆောက်လုပ်နေမှုအား ကြည့်ရှုခဲ့ ကြောင်း သိရှိရသည်။

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ညနေပိုင်း၌ ပြည်မြို့ သမိုင်းဝင်ရွှေဆံတော် စေတီမြတ်ကြီးသို့ သွားရောက်ဖူးမြော်ခဲ့ကာ ရွှေသင်္ကန်း ကပ်လှူပူဇော်နိုင် ရေး အလှူငွေပေးအပ်လှူဒါန်းခဲ့ပြီး  (၅)ထပ် ဓမ္မာရုံ တည်ဆောက် နေမှုအား ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကာ ဇောတိကာရုံကျောင်းတိုက်သို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်အား ဖူးမြော် ကန်တော့ပြီး လှူဖွယ်ဝတ္ထုပစ္စည်းတို့အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။     

တိုင်းဒေသကြီး (ပြန်/ဆက်)