ပန်းတောင် သြဂုတ် ၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ဧရာဝတီမြစ်ရေ မြင့်တတ်လာသဖြင့် ရေသန့်ဘူးများနှင့် ခေါက်ဆွဲခြောက် များ လှူဒါန်းခြင်းကို ကျွန်းမီးအုပ်စု ရွှေတောင်စုကျေးရွာတွင် ယမန်နေ့ နေ့လယ်ပိုင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့နောက် ဧရာဝတီမြစ်ရေ မြင့်တတ်လာမှုကြောင့် ဒေသခံပြည်သူများသို့ ရေသန့်ဘူး (၂၀)ကတ်နှင့် ခေါက်ဆွဲခြောက် (၁၀)ဖာ တို့အား စုပေါင်း လှူဒါန်းရာ ဦးသက်နိုင်၊ ကိုကြီး၊ (ပန်းတောင်းမြို့စာရေးဆရာအသင်း)၊ ဟိန်းထက် (မှုခင်းသတင်းထောက်)တို့မှ တာဝန်ယူ၍ သွားရောက်လှူဒါန်းကာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆန်းလွန်းမင်းအောင်နှင့် ကျေးရွာရပ်မိရပ်ဖများမှ အလှူပစ္စည်းများ အား လက်ခံရယူခဲ့ကြောင်း သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)