စေတုတ္တရာမြို့နယ် အုံးဝါးကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၄)လုံးနှင့် ဘုန်းတော်ကြီးကျောင်းအဝင် မုဒ်ဦးတံခါးပျက်စီးဆုံးရှုံး

စေတုတ္တရာ ဧပြီ ၂၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် အုံးဝါးကျေးရွာတွင် ဧပြီ ၂၇ ရက်နေ့ ညနေ ၆ နာရီအချိန်က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၄) လုံးနှင့် ကျေးရွာ ဘုန်းတော်ကြီးကျောင်းအဝင် မုဒ်ဦး သံတံခါး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီ ၂၇ ရက်နေ့ညနေ (၆)နာရီအချိန်က အုံးဝါးကျေးရွာတွင် လေပြင်းတိုက်ခတ်ခဲ့ရာ ကျေးရွာအတွင်းရှိ လူနေအိမ်(၂)လုံးမှာ အမိုးအားလုံးပျက်စီးဆုံးရှုံးကာ ကျန်လူနေအိမ်(၂)လုံးမှာ အမိုး တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ခြင်းဖြစ်ပြီး ကျေးရွာဘုန်းတော်ကြီးကျောင်းအဝင် မုဒ်ဦးပေါ်သို့ သရက်ပင်ကိုင်း ကျိုးကျသဖြင့် ဘုန်းတော်ကြီးကျောင်း အဝင်မုဒ်ဦးသံတခါး ပျက်စီးခဲ့ကြောင်း နှင့် စုစုပေါင်း ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ ငွေကျပ် (၃)သိန်း(၆)သောင်းခန့်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့် လူနေအိမ်(၄)လုံးရှိ လူများမှာ မိမိတို့ နေအိမ်တွင် ဆက်လက်နေထိုင်လျက်ရှိပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရိစ္ဆာန်များ တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)