ကျောက်ဖြူမြို့နယ်၊ ကျောက်တစ်လုံးကယ်ဆယ်ရေးစခန်းမှ နိုင်ငံသားပြုခွင့်ရရှိသူ ၆၁ ဦးအား နိုင်ငံသားပြု ခွင့်စာအုပ်နှင့် ကတ်ပြားများပေးအပ်

ကျောက်ဖြူ   ဧပြီ ၂၉

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ကျောက်တစ်လုံးကယ်ဆယ်ရေးစခန်းတွင် နေထိုင် လျှက်ရှိသူများအထဲမှ နိုင်ငံသားပြုခွင့်ရရှိသူ ၆၁ ဦးအား နိုင်ငံသား ပြုခွင့်စာအုပ်နှင့် ကတ်ပြားများပေးအပ်ခြင်းကို ဧပြီလ တတိယအပတ်က အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာန၊ ကျောက်ဖြူ မြိူ့နယ်ရုံးမှ ဝန်ထမ်းများက သွားရောက်ပေးအပ်ခဲ့သည်။

အဆိုပါ ကျောက်တစ်လုံးကယ်ဆယ်ရေးစခန်းမှ နိုင်ငံသားစိစစ်လျောက်ထားသူများအား ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဉပဒေပုဒ်မ ၆၅၊  ဗဟိုအဖွဲ့၏ ဆုံးဖြတ်ချက်အမှတ်(၄/၂၀၂၀)အရ နိုင်ငံ သားပြုခွင့်ရရှိသူ (၆၁)ဦးကို အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျောက်ဖြူခရိုင်ရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးညီညီဇော်၊ မြို့နယ်ဦးစီးမှူး ဦးအောင်ကြည်ဦးနှင့် ဝန်ထမ်းများက နိုင်ငံသားပြုခွင့်စာအုပ်နှင့် ကတ်ပြားများအား ကာယကံရှင် များထံသို့ လက်ဝယ်အ‌‌ရောက်ပေးအပ်သည်။ ဆက်လက်ပြီး  မြို့နယ်ဦးစီးမှူးမှ ကတ်ပြားများပေးအပ်ရခြင်းနှင့်ပတ်သက်၍ အသိပညာပေး များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)