အလုံမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ ခြင်​ဆေးဖျန်းခြင်းနှင့် အဘိတ်​ဆေးခတ်ခြင်း လုပ်ငန်းများ​ဆောင်ရွက်

အလုံ သြဂုတ်

အလုံမြို့နယ် ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ ပြည်သူစာကြည့်တိုက်သို့ လာ​ရောက်​သော စာဖတ်ပရိတ်သတ် များနှင့် ဝန်ထမ်းများအား ခြင်​ကြောင့်ဖြစ်ပွားတတ်​သောသွေးလွန်တုပ်​ကွေး​ရောဂါနှင့် အခြား​ရောဂါများ ကင်း​ဝေး​စေ​ရေး အတွက် ယ​နေ့ မွန်းလွဲ()နာရီ အချိန်ကခြင်​ဆေးဖျန်းခြင်းနှင့် အဘိတ်​ဆေးခတ်ခြင်းလုပ်ငန်းများကိုဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ထိုသို့​ဆောင်ရွက်ရာတွင် အလုံမြို့နယ် စည်ပင်သာယာ​ရေး​ကော်မတီ အဖွဲ့ဝင်() ဒေါ်မြတ်စိုးထိုက်၊ မြို့နယ်စည်ပင်ကျန်းမာ​ရေးမှူးဒေါ်လဲ့လဲ့ခိုင်နှင့် အဖွဲ့ဝင်များသည်  စာကြည့်တိုက်ခန်း၊ က​လေး စာဖတ်ခန်း၊ ရုံးခန်း၊ ပြတိုက်ငယ်ခန်း၊ Community Centre ခန်းမ၊ ရုံးခန်းများတွင် ခြင်​ဆေးဖျန်း ခြင်းနှင့်  ​ရေစည်​ရေအိုးများ အတွင်းသို့ အဘိတ်​ဆေးခတ်ခြင်းများကိုဆောင်ရွက် ခဲ့သည်။

မြို့နယ်စည်ပင်သာယာ​ရေး​ကော်မတီအ​နေဖြင့် မြို့နယ်တွင်းရှိ ပြည်သူများ၊ကျောင်းသား၊ ​ကျောင်းသူများ၊ ဝန်ထမ်းများ ခြင်အန္တရာယ် ကင်း​ဝေး​စေ​ရေးတို့အတွက် စာသင်​ကျောင်းများ၊ ရပ်ကွက်များ၊ အများပြည်သူနှင့် သက်ဆိုင်​သော ဌာနဆိုင်ရာ ရုံးများတွင်ခြင်​ဆေးဖျန်းခြင်း၊ အဘိတ်​ဆေးခတ်ခြင်း လုပ်ငန်းများကိုဆောက်ရွက်လျက်ရှိ​ကြောင်း သိရှိရသည်။

တင်တင်ချို - ပြန်/ဆက်