လဟယ် ဩဂုတ် ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ အထက်တန်းကျောင်း တန်းစီကွင်းတွင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို စစ်ကိုင်းတိုင်းဒေသကြီး တိုင်းအစိုးရအဖွဲ့က ထောက်ပံ့သော ဘိလပ်မြေဖြင့် ယမန်နေ့ကစ၍ ဆောင်ရွက်နေကြောင်းသိရသည်။
အဆိုပါ လုပ်ငန်းအတိုင်းအတာမှာ (အလျား-၁၂၀ အနံ-၁၀၀) ပေ၊ အမြင့်(၆)လက်မထု ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဖြစ်ပြီး သဲ၊ ကျောက်နှင့် လုပ်အားကို ကျောင်းအကျိုးတော်ဆောင် အဖွဲ့က ဦးဆောင်ပြီး ကျောင်းသားမိဘများ၊ ဌာနဆိုင်များ၊ ရပ်ကွက်ပြည်သူ အလှူရှင်များ ပူးပေါင်း၍ ဆောင်ရွက်နေကြောင်း လဟယ်မြို့ အထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးစိုးယဉ်ထံမှ သိရသည်။
ရှားဆက်(ပြန်/ဆက်)