ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ

ကြာအင်းဆိပ်ကြီး မေ ၃

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၏ စီမံဆောင်ရွက်မှုဖြင့် ရဟန်းသံဃာများ ဘာသာရေးအသင်းအဖွဲ့များ နိုင်ငံ့ဝန်ထမ်းများ စေတနာ့ဝန်ထမ်း များနှင့် အများပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများအား ထိုးနှံပေးလျက်ရှိရာ ဧပြီလ ၄ ရက်နံနက် ၈နာရီအချိန်မှ ပထမအကြိမ် စတင်ထိုးနှံပေးခဲ့ပြီး ယနေ့မေလ ၃ရက်နေ့ နံနက် ၈ နာရီအချိန်တွင် အခြေခံပညာ အထက်တန်းကျောင်း ပညာတန်ဆောင်ခန်းမ၌   ပထမအကြိမ်ထိုးနှံပြီးသူများအား ဒုတိယအကြိမ်ဖြင့် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်း လမ်းညွှန်ချက်များနှင့်အညီ ကြာအင်းဆိပ်ကြီးမြို့ရှိ တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သား အရာရှိဆရာဝန်များနှင့်  သူနာပြုများမှ အနီးကပ်ကြီးကြပ်ပြီး ထိုးနှံဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ဆေးကိုဒုတိယအကြိမ်ထိုးနှံရာတွင် ကာကွယ်ဆေးအလုံးရေ(၂၀၀) ရရှိထားပြီး ကာကွယ်ဆေးတစ်လုံးလျင် လူ(၁၀)ဦးထိုးနှံနိုင်ပြီး လူဦးရေ(၂၀၀၀)ဦးအား ထိုးနှံပေးသွားမည်ဖြစ်ပြီး ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း၌ ကာကွယ်ဆေးထိုးနှံခွင့်ရှိသူ လူဦးရေငါးသောင်းကျော်ခန့် ထိုးနှံနိုင်ရေးအတွက် စီမံဆောင်ရွက်ထားပြီး ကာကွယ်ဆေးရရှိလာနိုင်မှုအပေါ်မူတည်ပြီး အလှည့်ကျ စနစ်ဖြင့် ထိုးနှံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

မျိုးမင်းဦး