နတ်မောက်မြို့နယ် ညောင်ပေါက်ကျေးရွာတွင် ကျောက်ပန်းရိုက်လုပ်ငန်းများလုပ်ကိုင်

နတ်မောက် မေ ၃

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ရွာမွန်ကျေးရွာအုပ်စု ညောင်ပေါက်ကျေးရွာတွင် ကျောက်ပန်းရိုက်လုပ်ငန်း လုပ်ကိုင်ခြင်းဖြင့် မိသားစုစားဝတ်နေရေးအဆင်ပြေကြောင်း ကျောက်ပန်းရိုက် လုပ်ငန်း လုပ်ကိုင်သူဦးလှမိုးထံမှ သိရသည်။

“ကျွန်တော်တို့က ဒီကျောက်ပန်းပုံဖြစ်အောင် ပုံစံခွက်နဲ့ပြုလုပ်ရပါတယ်၊ဘိလပ်မြေနဲ့သဲကိုအချိုးကြ ရောစပ်ခါ ကျောက်ပန်းပုံစံခွက်ထဲကို ထည့်ပြီးမာအောင်ပြုလုပ်၍ ပုံစံခွက်ကိုခွာလိုက်ရင် ကျောက်ပန်းပုံ လေးတွေရပါတယ်၊ ဘိလပ်မြေတစ်အိတ်ကုန်ရင် ကျောက်ပန်းပုံ(၅၅)ခုထွက်ပါတယ်၊ ကျွန်တော်တို့က လက်ခစားနဲ့လုပ်ရတာဆိုတော့ ဘိလပ်မြေအိတ်တစ်လုံးကုန်ရင် လုပ်အားခ(၇၀၀၀)ကျပ်ရပါတယ်၊ တစ်နေ့ကို ကျွန်တော်တို့ ကျောက်ပန်းပုံရိုက်တာ ဘိလပ်မြေအိတ်(၄)လုံး ကုန်တော့လုပ်အားခ (၂၈၀၀၀) ကျပ်ရပါတယ်၊ အရောင်းဆိုင်တွေကတော့ ကျောက်ပန်းတစ်ချပ်ကို (၈၀၀)ကျပ်ပြန်ရောင်းတဲ့အတွက် ကျောက်ပန်းအရောင်းဆိုင်တွေအတွက်လည်း အဆင်ပြေသလိုကျွန်တော့တို့ လက်ခစားလုပ်တဲ့သူတွေ အတွက်လည်း စားဝတ်နေရေးမှာ အဆင်ပြေပါတယ်”ဟု ကျောက်ပန်းပုံရိုက်သူက ပြောကြားခဲ့ကြောင်း သိရသည်။

လှဝင်း