ပွင့်ဖြူ မေ ၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ပွင့်ဖြူမြို့အား မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရန်နှင့် မြို့တွင်းရေစီးရေလာကောင်းမွန်ရေးအတွက်ရည်မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ပွင့်ဖြူမြို့အား မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရန်နှင့် မြို့တွင်းရေစီးရေလာကောင်းမွန်ရေးအတွက်ရည်ရွယ်၍ ယခု ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် မြို့ပေါ် ရပ်ကွက်များရှိ လမ်းဘေး(ဝဲ ၊ ယာ)များတွင် အုတ်ရေမြောင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ရွယ်၍ ယခု ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် မြို့ပေါ် ရပ်ကွက်များရှိ လမ်းဘေး(ဝဲ ၊ ယာ)များတွင် အုတ်ရေမြောင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အုတ်ရေနုတ်မြောင်းများ ပြုလုပ်ဆောင်ရွက်ခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် မြို့ပြဖွံ့ဖြိုးရေးအတွက် အုတ်ရေမြောင်းဆောင်ရွက်ခြင်းလုပ်ငန်း (၁၂)ခု အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရသည်။ ယင်းအုတ်ရေမြောင်းပြုလုပ်ခြင်းလုပ်ငန်း(၁၂)ခုအား တင်ဒါစနစ်ဖြင့် တက်လူထိပ်ကုမ္ပဏီ၊ SHWE GROUP ကုမ္ပဏီနှင့် KO MOE ကုမ္ပဏီတို့အား တာဝန်ယူဆောင်ရွက်လုပ်ကိုင်ခွင့်ပြုထားကြောင်း သိရသည်။ ထိုသို့ ရေစီး ရေလာကောင်းမွန်ရေးအတွက် အုတ်ရေမြောင်းများ ပြုလုပ်ခြင်းကို ပွင့်ဖြူမြို့၊ မြို့ပတ်လမ်းအရှည်ပေ ၉၆၀ အား ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၂၈ ဒသမ ၅၀၀ သန်းဖြင့် အကျယ် ၅ ပေ ၊ အနက် ၄ ပေ ၆ လက်မ အုတ်ရေမြောင်းပြုလုပ်ခြင်း ၊ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၁၁ ဒသမ ၀၀ သန်းဖြင့် ပွင့်ဖြူမြို့ သန့်စင်လမ်းမှ မြို့ပတ်လမ်းအထိ အရှည်ပေ ၄၄၀ ပေ အား အကျယ် ၂ ပေ ၊ အနက် ၂ ပေ ၆ လက်မ အုတ်ရေမြောင်းပြုလုပ်ခြင်းနှင့် ခွင့်ပြုရန်ပုံငွေကျပ် ၁၅ ဒသမ ၉၉၆ သန်းဖြင့် သရဖီလမ်းအရှည်ပေ ၉၂၀ ပေ အား အကျယ် ၂ ပေ ၆ လက်မ ၊ အနက် ၃ ပေ အုတ်ရေမြောင်းပြုလုပ်ခြင်းကို တက်လူထိပ်ကုမ္ပဏီအား တာဝန်ယူဆောင်ရွက်စေခဲ့ရာ လုပ်ငန်းများပြီးစီးသွားပြီဖြစ်ကြောင်း ၊ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၂၀ ဒသမ ၄၀၀ သန်းဖြင့် ပွင့်ဖြူမြို့ ၊ ချယ်ရီလမ်း အရှည်ပေ ၄၄၈ ပေ အား လမ်းဘေး(ဝဲ ၊ ယာ) တစ်ဖက်စီတွင် အကျယ် ၂ ပေ ၊ အနက် ၃ ပေ အုတ်ရေမြောင်း ပြုလုပ်ခြင်းအား တင်ဒါစနစ်ဖြင့် SHWE GROUP ကုမ္ပဏီက တာဝန်ယူဆောင်ရွက်ခဲ့ရာ လုပ်ငန်းပြီးစီးသွားပြီဖြစ်ကြောင်းနှင့် အလားတူ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၂၉ ဒသမ ၈၂၉ သန်းဖြင့် ရှောက်တော လမ်း အရှည်ပေ ၁၃၀၀ အား အကျယ် ၂ ပေ ၊ အနက် ၃ ပေ အုတ်ရေမြောင်းပြုလုပ်ခြင်းကို KO MOE ကုမ္ပဏီက တာဝန်ယူဆောင်ရွက်ခဲ့ရာ လုပ်ငန်း ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။ ကျန်ရှိသည့် အုတ်ရေမြောင်း ဆောင်ရွက်နေမှုလုပ်ငန်း သတ်မှတ်ကာလ အတွင်း လုပ်ငန်းအရည်အသွေးပြည့်မီစွာ ဆောင်ရွက်ပြီးစီးနိုင်ရေးအတွက် မြို့နယ်စည်ပင်အမှုဆောင်အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်း ၏ ကြီးကြပ်မှုဖြင့် တာဝန်ခံအင်ဂျင်နီယာများက အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)