ဒဂုံ ဩဂုတ် ၇
ရန်ကုန်တိုင်ဒေသကြီး၊ ဒဂုံမြို့နယ်၊ ဦးဝိစာရရပ်ကွက်၊ ရွှေတိဂုံဘုရားလမ်း တောင်ဘက်မုခ်နှင့် မဟာဝိဇ ယဘုရားဝင်း လိပ်ကန်ရှေ့ ၌ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးဇော်မင်းလွင်နှင့် တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ယမန်နေ့ ည ၉ နာရီက ယာဉ်ကြောပိတ်ဆို့ စစ်ဆေးဆောင်ရွက်ကြောင်း သိရသည်။
ယာဉ်စစ်ဆေးရာတွင် မြို့နယ်တာဝန်ရှိသူများက အများပြည်သူများ စိတ်အေးချမ်းစွာ နေနိုင်ရေး၊ ဒုစရိုက် မှုခင်းများ မဖြစ်ပေါ်စေ ရေးတို့ အတွက် လမ်းတစ်လျှောက်ဖြတ်သန်းသွားလာသော ယာဉ်များအား ရပ်တန့်စေပြီး ယာဉ်စည်းကမ်းဆိုင်ရာများ၊ လမ်း၏ သတ်မှတ်မိုင်နှုန်း မောင်းနှင်းမှုများ၊ ယာဉ်မောင်းရာ တွင် လိုက်နာရမည့် စည်းကမ်းချက်များ သိရှိစေရန် ယာဉ်စစ် ပိတ်ဆို့ စစ်ဆေး ကြောင်းသိရသည်။ ယင်းသို့ စစ်ဆေးပေးခြင်းအားဖြင့် နေ့စဉ်ခရီးသွားပြည်သူများအတွက် ယာဉ်အန္တရာယ် မတော်တဆဖြစ်မှုများ နှင့် အခြားမလိုလားအပ်သည့် အန္တရာယ်များ ကင်းဝေစေရန် စုပေါင်းဆောင်ရွက်ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)