ပန်းဘဲတန်း ဩဂုတ် ၇
ပန်းဘဲတန်းမြို့နယ်၊ ရပ်ကွက်များတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် မဲဆန္ဒရှင်စာရင်း ကြေညာထားရှိမှုများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ပန်းဘဲတန်းမြို့နယ်တွင် ဇူလိုင်လ(၂၅)ရက်နေ့မှ စတင်ပြီး မဲဆန္ဒရှင်စာရင်းများ ကြေညာပေးလျက်ရှိရာ မဲဆန္ဒရှင်စာရင်း ကြေညာ ထားမှုနှင့် မဲစာရင်းကြေညာရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ဆောင်ရွက်ထားမှု၊ မဲဆန္ဒရှင်စာရင်းများ ပိုမိုပြည့်စုံမှန်ကန်မှု ရှိစေရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် မှတ်ပုံတင်ရေးဦးစီးဌာနမှ ဦးဇော်မင်းနှင့် မြို့နယ်ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင် ဦးမြင့်ဇော်တို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။
နေခြည် (ပြန်/ဆက်)