လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ ၂၀၁၉−၂၀၂၀ တိုင်းဒေသကြီး ဘတ်ဂျတ်ဖြင့်  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှု

လှိုင်သာယာ(အနောက်ပိုင်း) သြဂုတ် ၇

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ ၂၀၁၉−၂၀၂၀ တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ယမန်နေ့ မွန်းလွဲပိုင်းက လှိုင်သာယာ မြို့နယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်  ဦးမြတ်မင်းသူ၊ မြို့နယ်/ရပ်ကျေး အလုပ်အမှုဆောင် များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူ များက ကွင်းဆင်းကြည့်ရှုဆောင်ရွက် သည်။

ထိုသို့ဆောင်ရွက်ရာတွင် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်ရွှေပြည်သာတံတား ချဉ်းကပ်လမ်းနှင့် စင်္ကြန်ပြုလုပ်ခြင်း ဆောင်ရွက်နေမှု အခြေအနေများအား စနစ်တကျရေရှည်ခိုင်မှုရှိစေရေး ကွင်းဆင်းကြည့်ရှုခဲ့၍ လိုအပ်သည်များ ပေါင်းစပ် ဆောင်ရွက် ပေးခဲ့သည်။

အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လှိုင်သာယာမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ တင်ပြတောင်းဆို မှုကြောင့် တိုင်း ဒေကြီး အစိုးရမှ စီမံဆောင်ရွက်ပေးမှုဖြင့် ၂၀၁၉−၂၀၂၀ တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရှိရသည်။

မြသန္တာဝင်း(ပြန်/ဆက်)