လှိုင်သာယာမြို့နယ်၌ သိမ်းဆည်းခံလယ်ယာမြေများအတွက် လျော်ကြေးပေးအပ်ခြင်းအခမ်းအနား ဆောင်ရွက်

လှိုင်သာယာ(အနောက်ပိုင်း) သြဂုတ် ၇

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၌ အမှတ်(၉) လုံခြုံရေးတပ်ဖွဲ့ပိုင်မြေ (၂၆၉.၆၉) ဧကရှိ လယ်ယာမြေပိုင်ဆိုင်သူ လယ်သမားများအား တစ်ဧကလျှင် ကျပ်သိန်း(၇၀)နှုန်းဖြင့် လျော်ကြေးပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက လှိုင်သာယာမြို့နယ်ခန်းမတွင် ကျင်းပဆောင်ရွက်သည်။

ရှေးဦးစွာ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၉)လုံခြုံရေးတပ်ဖွဲ့ခွဲမှ တာဝန်ရှိသူများမှ မြေလျော်ကြေးပေး အပ်ခြင်းနှင့် ပတ်သက် ၍ ရှင်းလင်းပြောကြားသည်။ ထို့နောက်  အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်၊ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူတို့က လယ်သမားများ မြေလျော်ကြေး ရရှိခြင်းနှင့် ပတ်သက် ၍ ဝမ်းမြောက်ကြောင်းနှင့် ညီညွတ် မျှတစွာ ဆောင်ရွက်စေလိုကြောင်း အသီးသီးပြောကြားသည်။

ထို့နောက် လယ်ယာမြေပိုင်ဆိုင်သူ လယ်သမားများအား တစ်ဧကလျှင် ကျပ်သိန်း(၇၀)နှုန်းဖြင့် သိမ်းဆည်းခံ လယ်ယာမြေ များအတွက် မြေလျော်ကြေးများ အသီးသီးပေးအပ်ခဲ့ပြီး လယ်ယာမြေပိုင်ဆိုင်သူ လယ်သမားတစ်ဦးမှ ကျေးဇူးတင် စကားပြန် လည် ပြောကြားခဲ့သည်။ အခမ်းအနားတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းနှင့် တာဝန်ရှိသူများ၊ အမှတ်(၉)လုံခြုံရေးတပ်ဖွဲ့ခွဲမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။                                     

မြသန္တာဝင်း(ပြန်/ဆက်)