အုတ်ဖို မေ ၆
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပြည်သူ့ စာကြည့်တိုက်ရှိ Community Centre ခန်းမ၌ ယနေ့နံနက် ၉ နာရီ၃၀တွင် ပြည်သူများ အသိပညာ တိုးပွား စေရန်နှင့် စာဖတ်ရှိန်မြင့်တက်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ စည်ကမ်းချက်များနှင့်အညီ စာဖတ်ဝိုင်း ကျင်းပ ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းကိုပြန်/ဆက်ဦးစီးဌာနဝန်ထမ်းများနှင့် မြို့နယ်အတွင်းရှိ စာပေချစ်သူ စာဖတ် ပရိတ်သတ် များက စာရေးဆရာထိန်လင်း ရေးသားသော ငွေကိုစီမံခန့်ခွဲနိုင်တဲ့လူ အတော်ဆုံးလူစာအုပ်ပါ အကြောင်း အရာ များကို အချင်းချင်း အမြင်ချင်း ဖလှယ်သည့်အနေဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အောင်သူ(အုတ်ဖို)