လှိုင်သာယာ(အရှေ့ပိုင်း) သြဂုတ် ၇
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ် အမှတ်(၁)ရပ်ကွက်၊ မြဝတီလမ်းရှိ 500KVA TR ချို့ယွင်းသွား၍ လျှပ်စစ်မီးရရှိရေး၊ အချိန်မီပြီးစီးနိုင်ရေးအတွက် YESC မှ မီးစက်ဖြင့် ပုံမှန်ဓါတ်အားပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ပေး လျက်ရှိသည်။
အဆိုပါ အမှတ်(၁) ရပ်ကွက်၊ မြဝတီလမ်းရှိ 500KVA TR ချို့ယွင်းသွားသဖြင့် ဗိုလ်ချုပ်လမ်း၊ မြဝတီလမ်း၊ ဗိုလ်စိန်မှန်လမ်းတချို့ မီး ပြတ်တောက် မည်ဖြစ်ပြီး YESC မှ မီးစက်ဖြင့် ပုံမှန်ဓာတ်အားပေးခြင်း လုပ်ငန်းဆောင်ရွက်ပေးလျက်ရှိရာ မိုးရာသီကာလ ပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းဝေးစေရေး၊ ဓာတ်အားလိုင်းပြတ်တောက်ခြင်းများ မဖြစ်ပေါ်စေရေး၊ လုပ်ငန်းများ အချိန်မီ ပြီးစီးနိုင်ရေးအတွက် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးလှမြင့်နှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးသီဟထွန်းတို့က ထရန်စဖော်မာ အလျင်အမြန်လဲလှယ်နိုင်ရေး စီစဉ်ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရှိရသည်။
ထွန်းထွန်းနိုင်(ပြန်/ဆက်)