မောင်တော မေ ၇ ရခိုင်ပြည်နယ် မောင်တောမြို့၌ ရပ်ကွက် ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ အနေဖြင့် လုပ်ငန်းစွမ်း ဆောင် ရည် မြှင့်မားလာစေရန်ရည်ရွယ်၍ ရပ်ကွက် ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများလုပ်ငန်းမွမ်းမံ သင်တန်း ဖွင့်လှစ် ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန အစည်းအဝေးခန်းမ ၌ပြုလုပ်ခဲ့ ကြောင်း သိရသည်။ သင်တန်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ရဲက ရပ်ကွက်၊ ကျေးရွာ အုပ်စု အုပ်ချုပ် ရေးမှူးများ၏ လုပ်ငန်းတာဝန်များ၊ရပ်/ကျေးဥပဒေ၊ နည်းပဒေ များပိုမို သိရှိစေရန်၊ ပုံစံ(၂၇) မျိုး ဆောင်ရွက်တတ်စေရန် ၊ ဆက်စပ် ဋ္ဌာန ဆိုင်ရာများ၏ လုပ်ငန်းတာဝန်များ ဆောင်ရွက်ချက်များ နှင့် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုအတွင်း နေထိုင်သူ များ ၏ တာဝန်ဝတ္တရားများ၊ အခွင့် အရေး များ သိရှိစေရန်ရည်ရွယ်၍ မွမ်းမံသင်တန်း ဖွင့်လှစ်ရခြင်း ဖြစ် ကြောင်း ပြော ကြားပြီး သင်တန်းတွင် ရပ်ကွက်၊ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး (၈၈)ဦးအား သက်ဆိုင်ရာ ဋ္ဌာနဆိုင်ရာ တာ ဝန် ရှိ သူ များက သင်တန်းကာလ (၂)ပတ် ကြာပို့ချမည် ဖြစ်ရာ အဆိုပါ သင်တန်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဋ္ဌာနဆိုင်ရာများ ၊ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ၊ကျေးရွာ တာဝန် ခံများ တက်ရောက်ခဲ့ကြ ကြောင်းသိရသည်။ သက်လွင်စိုး