ကော့မှူး ဩဂုတ် ၇
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးထင်အောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်မြသဲဖြူက ရွေးကောက်ပွဲနှင့် ပတ်သက်၍ မဲစာရင်း၌ မပါဝင်ခြင်းအား ပုံစံ-၃ ဖြင့် အမည် စာရင်း ထည့်သွင်းရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်ပါက ပုံစံ-၄ ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းနိုင်ခြင်းများကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးထင်အောင်က ၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲ ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကြေငြာထားမှုအပေါ် အားနည်းချက်၊ အားသာချက်များအား အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် အပြန်အလှန်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
ကျော်သူရ ကော့မှူး