ကြာအင်းဆိပ်ကြီး မေ ၁၀
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း၌ တောတောင် စိမ့်စမ်းရေမြေများကောင်းမွန်မှုကြောင့် နှစ်ရှည်သီးနှံပင်ဖြစ်သည့် ဒူးရင်းပင်များမှာ သဘာဝ အတိုင်းပေါက်ရောက်ရှင်သန်ကြီးထွားလေ့ရှိပြီး (၁၀)နှစ်ခန့်အကြာတွင် အဖူးငုံပွင့်ကာ အသီး သီးကြောင်းသိရသည်။
ယခုအခါဒူးရင်းသီးများကို နှစ်စဉ်ဝယ်ယူစားသုံးသူများလာခြင်း ဈေးကွက်များကျယ်ပြန့်လာ ခြင်းကြောင့်နှစ်စဉ်ဈေးနှုန်းကောင်းများရရှိလာပြီး ဒူးရင်းခြံတောင်သူများအနေဖြင့် အပိုဝင် ငွေများရရှိလာမှုကြောင့်ဒူးရင်းပင်များကို သဘာဝအတိုင်းဖြစ်သလိုမထားရှိတော့ပဲ မိမိ ဥယျာဉ်ခြံဝန်း၌ စနစ်တကျပျိုးထောင်စိုက်ပျိုးလာကြကြောင်းသိရသည်။
အဆိုပါဒူးရင်းသီးပင်များကို ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့ ဘုရားသုံးဆူမြို့ရှိ တောတောင်စိမ့်စမ်းရေမြေ ကောင်းမွန်သော ကျေးရွာအများ၌ ရှင်သန်ဖြစ်ထွန်းအောင်မြင် လျက်ရှိပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာခြင်း သယ်ယူပို့ဆောင်မှု လွယ်ကူလာ ခြင်းကြောင့် ယခင်နှစ်များတွင် မွန်ပြည်နယ် မော်လမြိုင်မြို့နှင့်ရန်ကုန်မြို့ရှိ ကုန်သည်များမှ လာရောက်ဝယ်ယူခြင်း တင်ပို့ရောင်းချမှုများရှိကြောင်း ယခုဒူးရင်းသီးပေါ်စအချိန်တွင် ကြာအင်းဆိပ်ကြီးမြို့၌ ဒူးရင်းသီးတစ်လုံးလျင် အရွယ်အစားပေါ်မူတည်ပြီး တစ်လုံးလျှင် ငွေကျပ်(၅၀၀၀)ကျပ် (၃၅၀၀)ကျပ်နှင့်(၂၅၀၀)ကျပ်အထိ ဈေးနှုန်းရရှိလျက်ရှိကြောင်း သိရသည်။
မျိုးမင်းဦး ပြန်/ဆက်