ကျိုက်မရော၌ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး အသက် ၆၅ နှစ်အထက် သက်ကြီး ဘိုးဘွား များနှင့် လူမူရေးအသင်းအဖွဲ့များအား ဆက်လက်ထိုးနှံပေး

ကျိုက်မရော မေ ၁၀

မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိရာ အသက် ၆၅ နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများအား ယနေ့ နံနက် ၉နာရီမှစ၍ မြို့နယ်အားကစားရုံခန်းမ၌ စတုတ္တမြောက် အကြိမ်အဖြစ် ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်းသိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးရာတွင် ပြည်သူများအားကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏ညွန်ကြားချက်များအတိုင်း ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲဝန်ထမ်းများပူးပေါင်းကာ သက်ကြီးဘိုးဘွားများအား သွေးပေါင်ချိန်တိုင်းပေးခြင်း၊ အပူချိန် တိုင်း ကရိယာများဖြင့် အပူချိန်တိုင်းတာပေးခြင်း စသည့်ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း များ စနစ်တကျဆောင်ရွက်ပေးပြီးမှသာ ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ပြုလုပ်ပေးခဲ့ကြ သည်။ ယနေ့ကာကွယ်ဆေးထိုးနှံရာ၌ အသက် ၆၅ နှစ်အထက် ဘိုးဘွားများနှင့် လူမှုရေး အသင်းများမှ ပြည်သူ (၁၀၇၃) ဦးတို့အား ထိုးနှံပေးသွားမည်ဖြစ် ကြောင်းကျန်းမာရေး ဦးစီးဌာနတာဝန်ရှိသူထံမှ သိရသည်။

ချိုမြတ်မြတ်ထွေး