ချောင်းဆုံ မေ ၁၀
မွန်ပြည်နယ်၊ချောင်းဆုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ယာယီ အုပ်ချုပ်ရေးမှူးများ နှင့် စာရေးဝန်ထမ်းများ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ၊ ပြည်သူများ ရပ်ရွာတွင် အေးချမ်းတည်ငြိမ်စွာနေထိုင်နိုင်ရေးအတွက်ရည်ရွယ်၍ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်မားရေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက်၈နာရီက ချောင်းဆုံမြို့နယ် ကျွန်းသာယာခန်းမ၌ ကျင်းပရာ မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးအောင်ကြည် သိန်း၊ ချောင်းဆုံမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီး အကဲများနှင့် သင်တန်းသားများ တက် ရောက်ကြောင်း သည်။
အခမ်းအနားတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးအောင်ကြည် သိန်းက သင်တန်း အဖွင့်အမှာစကားနှင့်ရည်ရွယ်ချက်အား ပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသိုက်ထွန်း က သင်တန်းဖွင့်လှစ်မှုနှင့် ပတ်သက်ပြီး ပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင်(ထွေ/အုပ်၊ ရဲ၊ လဝက၊ စည်/ပင်၊ မြေစာရင်း တရားရေး၊ ဥပဒေ၊ မီးသတ်) ဌာနတို့မှ သင်တန်းချိန်(၁၅)ချိန်ဖြင့် ရပ်ကွက်/ ကျေးရွာ အုပ်စု(၄၇)စုမှ ယာယီ အုပ်ချုပ်ရေးမှူး နှင့် စာရေးဝန်ထမ်းများစုစုပေါင်း (၉၄) ဦးတို့အား မေလ(၁၀)ရက်မှ (၁၄)ရက်နေ့အထိ(၅) ရက်ကြာ သင်တန်း ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။