မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် မီးသတ်ဦးစီးဌာနမှ ရေရှားပါးသည့် ဂန္ဓာရီပရဟိတ ကျောင်းသို့ သောက်သုံးရေ(၃၂၀၀)ဂါလံလှူဒါန်း

ဘူးသီးတောင် မေ ၁၀

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ဘူးသီးတောင်မြို့နယ် မီးသတ်ဦးစီးဌာန၊ ဒုမီးသတ်ဦးစီးမှူး ဦးဆောင်သန်းဝင်းဦးဆောင်၍ အခြားအဆင့် မီးသတ်တပ်ဖွဲ့ဝင်များသည် ရေသယ်ယာဉ် (၁)စီးဖြင့် ယနေ့ နံနက်(၈)နာရီ အချိန်က ဘူးသီးတောင်မြို့ ဂန္ဓာရီပရဟိတကျောင်းသို့ သောက်သုံးရေများ လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါဂန္ဓာရီပရဟိတကျောင်းရှိ ကျောင်းသား/ကျောင်းသူ(၂၂၅)ဦး၊ တိုက်ပွဲရှောင်ပြည်သူ အိမ် ထောင်စု(၂၀၆)စု၊ လူဦးရေစုစုပေါင်း (၁၂၀၀) ဦးရှိကြောင်း ကျောင်းထိုင်ဆရာတော်အရှင်ဦး အာဒိဓ္ဓမှသိရသည်။

ဘူးသီးတောင်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ နွေရာသီ ရေရှားပါးသော ဒေသများသို့ နှစ်စဉ်နှစ်တိုင်း ရေလှူဒါန်းပေးလျှက်ရှိရာ ယခုအကြိမ်သည် (ဆဌမအကြိမ်မြောက်)ရေလှူဒါန်း ခြင်းဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးထွန်းဝင်းနိုင်မှ သိရသည်။

လှကျော်