ကြည့်မြင်တိုင် ဩဂုတ် ၇
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် လျှပ်စစ်ဓာတ်အားလိုင်းကြိုးများနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်း များ ခုတ်ထွင်ရှင်းလင်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက အနောက်ပိုင်းဆေးရုံအနောက်ဘက် ဆေးငြိမ်းရပ်ကွက်ရှိ ဓာတ်အားလိုင်းပေါ်ကျနေသည့် သစ်ပင်သစ်ကိုင်းများနှင့် ရေမြောင်း လုပ်ငန်းနှင့် မလွတ်ကင်းသည့် အပင်များကို ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ရာနေရာသို့ အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်နန္ဒအောင်၊ မြို့နယ်စည်ပင်သာယာ ရေး ကော်မတီဝင်များ၊ ရေစီးရေလာလုပ်ငန်းအဖွဲ့တာဝန်ခံ၊ ပန်းဥယျာဉ်ဌာန တာဝန်ခံ၊ မြို့နယ်လျှပ်စစ်ဌာန AE ဦးဇော်ဝင်းမြတ် တို့မှ ကွင်ဆင်းကြည့်ရှုစစ်ဆေးခဲပြီး ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းများအား ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရှိရသည်။
ခိုင်ဇာလင်း (ပြန်/ဆက်)