ပေါင်းတည် သြဂုတ် ၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့မှ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးဆိုင်ရာ လုပ်ငန်းတွင် ပါဝင်ကူညီဆောင်ရွက်သူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ဒုတိယအကြိမ် ပေးအပ် ချီးမြှင့်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပေါင်းတည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နဝရတ်အစည်းဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းနိုင်က မုဒိတာစကား ပြောကြား သည်။
ထို့နောက် အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လက်မှတ်ရေးထိုးပေးပို့သည့် ဂုဏ်ပြုမှတ်တမ်းလွှာ ဂုဏ်ပြုအမှတ်တံဆိပ်ပါ Madk နှင့် ရင်ထိုးတံဆိပ်အား မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေလင်းနိုင်၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ မျိုးမင်းနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးသန်းဇော်မင်းတို့က အသိမှတ်ပြု ဂုဏ်ပြုမှတ်တမ်းလွှာများအား (ကိုယ်စား)ပေးအပ်ချီးမြှင့်ရာ မေတ္တာစာဂဝီရိယကို အခြေခံ ၍ ပေါင်းတည်မြို့နယ်အတွင်းရှိ ပါဝင်ကူညီ ဆောင်ရွက်ခဲ့ကြသည့် ပေါင်းတည်မြို့နယ် ဘိုးဘွားရိပ်သာအဖွဲ့ စေတနာ နာရေး ကူညီမှုအသင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များ အသင်း Paungde Youths အဖွဲ့နှင့် အရပ်ဘက်လူပုဂ္ဂိုလ်(၇၁)ဦးတို့က အသီးသီး လက်ခံရယူခဲ့ပြီး တက်ရောက်သူများ၏ ကိုယ်စား ဦးကျော်ကျော်လွင်က ကျေးဇူးတင်စကား ပြန်လည် ပြောကြား ခဲ့ကြောင်း သိရှိရသည်။
တင်ဝင်းဇော်(မင်းသားကြီး)