မင်္ဂလာတောင်ညွန့်မြို့နယ် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြင်ဆင်ထားရှိမှုများစစ်ဆေးခြင်းနှင့် Mask လှူဒါန်းခြင်းများဆောင်ရွက်

ရန်ကုန် သြဂုတ်

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်ချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ကျောင်းများအလိုက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအပေါ် အလေးထား၍ မြို့နယ် တာဝန်ရှိ သူများက  ကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အမှတ်() အခြေခံပညာ အလယ်တန်းကျောင်းသို့ ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အမှတ်()တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်၊ မြို့နယ် ကိုဗစ်- ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဝင်းနှင့် ကော်မတီဝင်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးခင်လှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဟေမာဇော်နှင့် မြို့နယ်ပညာရေးမှူး ဒေါ်သင်းသင်းမြတ် တို့က အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကာကွယ်ရေးအတွက် ပြင်ဆင် ဆောင်ရွက်ထားရမည့် Social Distancing အကွာအဝေးများ၊ လက်ဆေးပုံစနစ်များ၊ Mask တပ်ဆင်မှုများကို ဆွေးနွေး ပြောကြား ခဲ့ကြသည်။

ဆက်လက်ပြီး  အ..က () ကျောင်း၏ ကျောင်းအုပ်ဆရာမကြီးမှ ကျောင်းအတွင်း ပြင်ဆင် ဆောင်ရွက်ထားရှိမှုများ အခြေအနေကို ရှင်းလင်းပြောကြားခဲ့ကာ လိုအပ်သည်များကို ဆွေးနွေးခဲ့ကြသည်။ ထို့နောက် အမှတ်()တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးရန်အောင်က ကျောင်းအတွက် လိုအပ်သည့် PPE ဝတ်စုံ()စုံနှင့် Mask အခုရေ (၁၅၀၀)အား ပေးအပ် ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ချစ်စုဝေ(ပြန်/ဆက်)