ကော့ကရိတ်မြို့ ​ရေ​ဘေးသင့်ပြည်သူများအား ​ထောက်ပံ့​ငွေ​ပေးအပ်

ကော့ကရိတ်   သြဂုတ် ၇

ကရင်ပြည်နယ်၊​ ကော့ကရိတ်မြို့တွင် သြဂုတ်လ ၂ ရက်​နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှု​ကြောင့်​ နေအိမ်​ပျက်စီးခဲ့သော မိသားစုဝင်များအား ​​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှထောက်ပံ့​ငွေ​ပေးအပ်ခြင်းကို ယမန်​နေ့မွန်းလွဲ (၂) နာရီချိန်က မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန ရုံးခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ​ ထောက်ပံ့​ပေးမှုတွင်​​ ကော့ကရိတ်မြို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ​နေအိမ်တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် ခရင်းကျေးရွာအုပ်စု၊ ဝင်းသလွှဲကျေးရွာရှိ လူနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၅,၀၀ဝိ/-) ကျပ်နှင့် အိမ်ထောင်စု (၁) စုမှ လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၁၂,၆၀ဝိ/-) ကျပ်၊ စုစုပေါင်းထောက်ပံငွေ (၃၇,၆၀ဝိ/-) ကျပ်အား မြို့နယ်အ​​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခင်မျိုးဝင်း(​ကော့ကရိတ်)