ပိုင်ကျုံမြို့၌ 33/11KV-5MVA ခွဲရုံတည်ဆောက်မှုလုပ်ငန်း (၆၄ ဒသမ ၆၇) ရာခိုင်နှုန်းပြီးစီး

ပိုင်ကျုံ   ဩဂုတ်  ၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးနိုင်ရေးအတွက် 33/11KV-5MVA ခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်းကို ဧပြီလ နောက်ဆုံးအပတ်တွင် စတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် (၆၄ဒသမ၆၇) ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ခွဲရုံတည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် JICA ချေးငွေ ကျပ်သန်း (၇၂၀) ဖြင့် KTK ကုမ္မဏီမှ တာ၀န်ယူဆောင်ရွက်လျက်ရှိပြီး ယခုအချိန်တွင် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ (၆၄ ဒသမ ၆၇) ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း KTK ကုမ္မဏီတာ၀န်ခံ ဦးပြည့်ဖြိုးပိုင်ထံမှ သိရသည်။ အဆိုပါ ခွဲရုံတည်ဆောက်ပြီးစီးပါက ပိုင်ကျုံမြို့မှ (၁၂) မိုင် အတွင်းရှိ ကျေးရွာများ လျှပ်စစ်ဓါတ်အားပြည့်၀စွာသုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။

စောpဖိုး(ပြန်/ဆက်)