ဆော ဩဂုတ် ၇
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့ မိုးကုတ်ရိပ်သာတွင် Quarantine ထားရှိသော ပြည်ပမှ နေရပ်ပြန် များအား ကိုဗစ်-၁၉ ရောဂါရှိ၊ မရှိ ဓာတ်ခွဲအတည်ပြုနိုင်ရေးအတွက် ဆောမြို့နယ် ပြည်သူ့ဆေးရုံဓာတ်ခွဲခန်းမှ ဒေါ်ထက်ထက်နွယ်ဦးနှင့် တာဝန်ရှိသူများက နှာခေါင်းတို့ပတ်၊ အာခေါင် တို့ပတ်များရယူ၍ စစ်ဆေးဆောင်ရွက်နိုင်ရန် ယမန်နေ့နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ဓာတ်ခွဲနမူနာရယူရာတွင် ဆောမြို့ မိုးကုတ်ရိပ်သာ Quarantine ၌ ရောက်ရှိနေသူ ၁၅ ဦးအနက်မှ ဓာတ်ခွဲနမူနာရယူရန် ကျန်ရှိသည့် ၅ ဦးတို့၏ နှာခေါင်း၊ အာခေါင်တို့ပတ်များကို ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက လာရောက်ရယူကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဓာတ်ခွဲခန်းသို့ ပေးပို့ပြီး ဓာတ်ခွဲအဖြေရယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဇော်မျိုးသန့်(ဆော)