မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင်(Grade-4) သင်ရိုးသစ် မြို့နယ်အဆင့် Face to Face နောက်ဆက်တွဲ ဆင့်ပွားသင်တန်းဖွင့်လှစ်

မြို့သစ် သြဂုတ် ၇

မကွေးတိုင်းဒေသကြီး ၊ မြို့သစ်မြို့နယ်တွင် အခြေခံပညာမူလတန်းအဆင့် (Grade-4)သင်ရိုးသစ် မြို့နယ် အဆင့် Face to Face နောက်ဆက်တွဲ ဆင့်ပွားသင်တန်းကို လယ်ပြင်ရပ်ကွက်ရှိ မြို့မ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ယမန်နေ့ နံနက် ၉ နာရီက စတင်၍ ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိကြောင်း သိရှိရသည်။

၂၀၂၀-၂၀၂၁ ပညာသင်နှစ် (Grade-4 )သင်ရိုးသစ် မြို့နယ်အဆင့် Face to Face နောက်ဆက် တွဲသင်တန်းဖွင့်လှစ်ပို့ချရာတွင် ယခင် ( Grade - 4  )သင်ရိုးသစ် သင်တန်းတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိခဲ့သည့် ဆရာ/ဆရာမများ၊ PPTT နှင့် DDED သင်တန်းဆင်း အခြေခံပညာမူလတန်းအဆင့် ဆရာ/ဆရာမ (၁၅၄)ဦးအား မြန်မာစာ ၊ အင်္ဂလိပ်စာ ၊ သင်္ချာ ၊ သိပ္ပံ ၊ လူမှုရေး ၊ ဂီတ ၊ ဘဝတွက် တာ ၊ စာရိတ္တ ၊ ပန်းချီ ၊ ကာယ ဘာသာရပ် (၁၀)မျိုးကို သြဂုတ်လ  ၆ ရက်မှ ၁၁ ရက်အထိ သင်တန်း နည်းပြ ဆရာ/ဆရာမ (၁၆)ဦးမှ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ သင်ကြားပို့ချပေးမည်ဖြစ်သည်။

အဆိုပါသင်တန်းဖွင့်လှစ်ရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်မှု မဖြစ်ပွားစေရေးအတွက် သင်တန်း ခန်းများရှေ့တွင် လက်ဆေးဘေစင်နှင့် လက်ဆေးဆပ်ပြာရည်ထားရှိခြင်း ၊ ဆရာ/ဆရာမများအနေဖြင့် နှာခေါင်းစည်း(Mask) တပ်ဆင်စေခြင်း၊  သင်တန်းခန်းတွင် တစ်ဦးနှင့်တစ်ဦး(၆)ပေအကွာထားရှိပြီး သင်တန်းခန်းတစ်ခန်းလျှင် ဆရာ/ဆရာမ (၂၀)ဦး နှုန်းဖြင့် သင်ကြားပို့ချလျက်ရှိကြောင်း သိရှိရသည်။

ဝင်းအိဇွန် (ပြန်/ဆက်)