ဘီးလင်း သြဂုတ် ၇
ဘီးလင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ Covid-19 ကာလအတွင်း စီးပွားရေးအပေါ် ထိခိုက်မှုသက်သာစေရေးအတွက် ဝက်မွေးမြူရေးသင်တန်းကို အနိုင်းပွန်ကျေးရွာအုပ်စု တောင်ကလေးကျေးရွာ၌ ယမန်နေ့ နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။
ဘီးလင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဥမ္မာနှင်းက ဝက်မွေးမြူရေးသင်တန်း ဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ ၃၀ ဦး တို့အား ဝက်မွေးမြူရေးနှင့် တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာများကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ က သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ ၃ ရက်ကြာမြင့် မည်ဖြစ်ကြောင်း သိရှိရသည်။
ထူးနောင် (ပြန်ဆက်)