မော်လမြိုင် ဩဂုတ် ၇
မွန်ပြည်နယ်၊ မော်လမြိုင်၌ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဂုဏ်ပြုလွှာပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ်၌ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မော်လမြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူး ဦးဝေလင်းထွန်းက COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ကူညီဆောင်ရွက်လျက်ရှိကြသော စေတနာ့ဝန်ထမ်း Volunteer များအား ကျေးဇူးတင်ဂုဏ်ပြုစကား ပြောကြားပြီး လူငယ်ရေးရာ ကော်မတီ၊ ကျောင်းသားသမဂ္ဂအဖွဲ့နှင့် ပရဟိတ လူမှုကယ်ဆယ် ရေးအဖွဲ့ အစည်း(၁၀)ဖွဲ့၊ CSO အဖွဲ့(၃)ဖွဲ့တို့ကို အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့မှ ပေးပို့သော ဂုဏ်ပြုမှတ်တမ်းလွှာများအားပေးခဲ့ပြီး ရှေ့ဆက်ဆောင်ရွက်ရမည့် ကိစ္စရပ်များအပေါ် ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရှိရ သည်။
ပြည်နယ်(ပြန်/ဆက်)