ပင်လည်ဘူး ဩဂုတ် ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့၌ မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းများ ရှင်သန်လှုပ်ရှားမှု တိုးမြှင့်လာစေရန် မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသက်နောင်က အဖွင့်အမှာ စကားပြောကြားပြီး ကသာခရိုင် လူမှုဝန်ထမ်းဦးစီးဌာန အတွင်းရေးမှူး ဒေါ်မာမာမြင့်က ကလေးသူငယ်အခွင့်အရေးဆိုင် အစည်းအဝေးကျင်းပရခြင်းနှင့်ပတ်သက်၍ မြို့နယ်ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ကော်မတီလုပ်ငန်းများ ရှင်သန်လှုပ်ရှားမှု တိုးမြှင့်လာစေရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ဒေသဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်း များ၊ အစိုးရဌာနဆိုင်ရာများ၏ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန်၊ အဆိုပါလုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက်နေသည့် အစိုးရဌာနများ၊ အစိုးရဌာန မဟုတ်သော လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မှု အားကောင်းလာစေရန် ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပင်လည်ဘူးမြို့နယ် အတွင်း ဆောင်ရွက်လျက်ရှိသော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအခြေ အနေများကို ရှင်းလင်း ဆွေးနွေး ပြောကြားပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရှိရ သည်။
မျိုးလွင်(ပင်လည်ဘူး)