ကြို့ပင်ကောက် မေ ၁၈
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် ယမန်နေ့က အပူချိန် ၄၁ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်ခဲ့ကြောင်း ကြို့ပင်ကောက်မြို့ မိုးလေဝသစခန်းမှ သိရသည်။
ကြို့ပင်ကောက်မြို့တွင် မေလ ၆၊ ၈၊ ၁၆ ရက်နေ့များအတွင်း ၃၉ ဒသမ ၅ ဒီဂရီစင်တီဂရိတ် အထိ မြင့်တက်ခဲ့ကြောင်း ယနေ့ မေလ ၁၇ ရက်နေ့ မွန်လွဲ ၄ နာရီအချိန်တိုင်းထွာချက်အရအပူချိန် ၄၁ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်နေကြောင်း ပြီးခဲ့သော ၂၀၂၀ ခုနှစ်မေလအတွင်းမှာလည်း ၄၃ ဒီဂရီစင်တီဂရိတ် အထိတစ်ကြိမ် မြင့်တက်ခဲ့ကြောင်း ကြို့ပင်ကောက်မြို့ရဲ့ နှစ်သုံးဆယ် ပျမ်းမျှအပူချိန်မှာ ၃၉ ဒသမ ၂ ဒီဂရီစင်တီဂရိတ်ဖြစ်ကြောင်း မြို့နယ်မိုးလေဝသစခန်းမှူး ဦးကျော်ကျော်နိုင်က ပြောသည်။
အပူချိန်မြင့်တက်ခြင်းကြောင့် ရေဓါတ်များဆုံးရှုံးခြင်း အသားအရေခြောက်သွေ့ခြင်း ခေါင်းကိုက်ခြင်း ခွဲစိတ်ထားသော မျက်စိများ ခရမ်လွန်ရောင်ခြင်နှင့် တွေ့ထိပါက ပျက်စီးတတ်ခြင်းတို့ ဖြစ်တတ်သောကြောင့် အပူချိန်အများဆုံးအချိန်များ ဖြစ်သော နံနက် ၁၀ နာရီမှ မွန်းလွဲ ၄ နာရီအထိ အကြောင်းအမျိုးမျိုးကြောင့် အပြင်ထွက်သွားလာပါက ဦးထုပ်၊ ထီးဆောင်ရန်၊ မျက်လုံးကို မျက်မှန်ဖြင့်ကာကွယ်ရန်၊ နှာခေါင်းစည်း တပ်ဆင်ရန်၊ အဖြူရောင် အဝတ်အစားများ ဝတ်ရန်၊ အပူစုတ်ယူမှု အားကောင်းသော အမဲရောင် အဝတ်အစားများ ရှောင်ကျဉ်ရမည်ဖြစ်ကြောင်း မြို့နယ်မိုးလေဝသစခန်းမှူး ဦးကျော်ကျော်နိုင်က ပြောသည်။
မြို့နယ်(ပြန်/ဆက်)