မင်းလှ မေ ၁၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊မင်းလှမြို့နယ်သစ်တောဦးစီးဌာနက ၂၀၂၁ ခုနှစ် မိုးရာသီ စိမ်းလန်း စိုပြည် ရေး အတွက် ရွေဝါမြိုင်သစ်တော ပျိုးဥယျာဉ်တွင်ပျိုးပင်ပေါင်း(၅၅၀၀၀)ပင် ပျိုးထောင်ထားရှိကြောင်း မြို့နယ် သစ်တောဦးစီးအရာရှိထံမှသိရသည်။
"ရွှေဝါမြိုင်သစ်တောပျိုးဥယျာဉ်တွင် ကျွန်း(၂၃၀၀၀) ၊မန်ဂန်ရှား(၂၇၀၀၀)၊ပျဉ်ကတိုး(၁၀၀၀) ပိတောက်(၅၀၀)၊ စိန်တံချု (၅၀၀) ၊ခရေ(၅၀၀) ၊ကံကော်(၅၀၀) ၊စိန်ပန်းကြီး(၁၀၀၀)၊ငုရွှေဝါ(၁၀၀၀) စုစုပေါင်း ပျိုးပင်ပေါင်း(၅၅၀၀၀) ပင်ကို ပျိုးထောင်ထားရှိပြီး ဇွန်လပိုင်းမြေအစိုဓာတ်ရရှိချိန်တွင် ဒေသခံပြည်သူများ စိုက်ပျိုးနိုင်ရန် အခမဲ့ဖြန့်ဝေ ပေးသွား မယ်လို့"မြို့နယ်သစ်တောဦးစီးအရာရှိ ဦးဆန်းတင်ကပြောကြားသည်။
ထို့အပြင် မြို့ချောင်း-စိန်ကန့်လန့်လမ်းဘေး(၁၆) မိုင်(၄) ဖာလုံရှိ ဗိုလ်ရုံစိုက် ခင်းပျိုးဥယျာဉ်တွင် မုက္ခာကြိုးဝိုင်း အကွက် အမှတ်(၄၁) တွင် ၂၀၂၁ မိုးရာသီစိုက်ပျိုးရန်စီးပွားရေးကျွန်းစိုက်ခင်း(၂၆၀) ဧကအတွက်ကျွန်းပျိုးပင်ပေါင်း (၁၆၈၀၀၀) ပင်ကျော်နှင့် မုက္ခာကြိုးဝိုင်းအကွက်အမှတ်(၃၄) တွင် စိုက်ပျိုးရန် စိုက်ခင်းဟောင်း ပြုစု ထိန်းသိမ်း ခြင်း(၅၀) ဧကအတွက် (၅၉၀၀၀) ပင်ကျော်တို့ကိုပျိုး ထောင်ထားပြီး သစ်တောဦးစီးဌာန အနေဖြင့် ဇွန်လ အတွင်း စိုက်ပျိုးသွားရန်စီစဉ်ထားကြောင်းသိရသည်။
ပေါက်စ - မင်းလှ