ဇီးကုန်း- ကံညီကို- သာပေါင်း- လယ်တွင်းလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်း၏ (၇၀)ရာခိုင်နှုန်းကျော် ပြီးစီး

 

ဇီးကုန်း  မေ ၁၈

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေးအတွက် ဇီးကုန်း- ကံညီကို- သာပေါင်း- လယ်တွင်းလမ်း ကွန်ကရစ် ခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ လုပ်ငန်း၏ (၇၀)ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီး (ငွေလုံးငွေရင်း)ရန်ပုံငွေ ကျပ်(၄၃၃)သန်းဖြင့် ဇီးကုန်း- ကံညီကို- သာပေါင်း- လယ်တွင်းလမ်း (/. မိုင် x ၁၂ ပေ x လက်မ) ကွန်ကရစ်ခင်းခြင်းကို (..၂၀၂၁) ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ (၇၀) ရာခိုင်နှုန်းကျော်ပြီးစီး နေပြီဖြစ် ကြောင်းနှင့် ဇီးကုန်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါလမ်း ပြီးစီးပါက ကျေးလက်ပြည်သူများ၏ ကျန်းမာရေးကဏ္ဍ၊ ပညာရေး ကဏ္ဍ၊ စီးပွားရေး ကုန်စည် သယ်ယူပိုဆောင်ရေးတို့အတွက် လမ်းပန်းဆက်သွယ်မှု ပိုမိုကောင်းမွန်စေမည်ဖြစ်ကြောင်း မြို့နယ် ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

တင့်ဆွေ(ပြန်ဆက်)