ကြို့ပင်ကောက်မြို့တွင် အပူချိန် ၄၁ ဒီဂရီစင်တီဂရိတ် အထိ စံချိန်တင်မြင့်တက်

 

ကြို့ပင်ကောက် မေ ၁၈

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် မေလ ၁၇ ရက်နေ့က အပူချိန် ၄၁ ဒီဂရီစင်တီ ဂရိတ် အထိမြင့်တက်ခဲ့ကြောင်း ကြို့ပင်ကောက်မြို့ မိုးလေဝသစခန်းမှသိရသည်။

ကြို့ပင်ကောက်မြို့တွင် မေလ ၆၊ ၈၊ ၁၆ ရက်နေ့များအတွင်း ၃၉ ဒသမ ဒီဂရီစင်တီဂရိတ် အထိ မြင့်တက် ခဲ့ကြောင်း ယနေ့ မေလ ၁၇ ရက်နေ့ မွန်လွဲ နာရီအချိန်တိုင်းထွာချက်အရအပူချိန် ၄၁ ဒီဂရီစင်တီ ဂရိတ် အထိ မြင့်တက်နေကြောင်း ပြီးခဲ့သော ၂၀၂၀ ခုနှစ်မေလအတွင်းမှာလည်း  ၄၃ ဒီဂရီစင်တီဂရိတ် အထိ တစ်ကြိမ်မြင့် တက် ခဲ့ကြောင်း ကြို့ပင်ကောက်မြို့ရဲ့ နှစ်သုံးဆယ် ပျမ်းမျှအပူချိန်မှာ ၃၉ ဒသမ ဒီဂရီစင်တီဂရိတ်ဖြစ်ကြောင်း မြို့နယ် မိုးလေဝသစခန်းမှူး ဦးကျော်ကျော်နိုင်က ပြောသည်။

အပူချိန်မြင့်တက်ခြင်းကြောင့် ရေဓါတ်များဆုံးရှုံးခြင်း အသားအရေခြောက်သွေ့ခြင်း ခေါင်းကိုက်ခြင်း ခွဲစိတ် ထားသော မျက်စိများ ခရမ်လွန်ရောင်ခြင်နှင့်တွေ့ထိပါက ပျက်စီးတတ်ခြင်းတို့ဖြစ်တတ်သောကြောင့် အပူချိန် အများဆုံး အချိန်များ ဖြစ်သော နံနက် ၁၀ နာရီမှ မွန်းလွဲ နာရီအထိ အကြောင်းအမျိုးမျိုးကြောင့် အပြင်ထွက် သွားလာပါက ဦးထုပ်၊ ထီးဆောင်ရန်၊ မျက်လုံးကို မျက်မှန်ဖြင့်ကာကွယ်ရန်၊ နှာခေါင်းစည်းတပ်ဆင်ရန်၊ အဖြူ ရောင် အဝတ်အစားများဝတ်ရန်၊ အပူစုတ်ယူမှုအားကောင်းသော အမဲရောင် အဝတ်အစားများ ရှောင်ကျဉ် ရမည် ဖြစ်ကြောင်း မြို့နယ်မိုးလေဝသစခန်းမှူး ဦးကျော်ကျော်နိုင်က ပြောသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)